အမေရိကန်နှင့်မဟာမိတ်များက ယူကရိန်းသို့ တင့်ကားများပေးပိုရန် အစီအစဉ်ပျက်ပြယ်

0
363

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယူကရိန်းသို့ ဂျာမန်စစ်တင့်ကားများ ထောက်ပံ့ပေးရန် သဘောတူညီမှုမရခဲ့ချေ။

နေတိုးနှင့် နိုင်ငံပေါင်း ၅၀ ခန့်မှ ကာကွယ်ရေးခေါင်းဆောင်များသည် ဂျာမနီနိုင်ငံရှိ အမေရိကန် ရမ်စတိန်းလေတပ်စခန်းတွင် သောကြာနေ့က တွေ့ဆုံခဲ့ကာ ယူကရိန်းသို့ နောက်ဆုံးအကြိမ်အဖြစ် နေတိုးမှ လက်နက်ကိရိယာများ ထောက်ပံ့ပေးရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဥရောပခေါင်းဆောင်များသည်ရုရှားတပ်များကို ပြန်လည်တိုက်ထုတ်ရန်အတွက် ဂျာမန်လုပ် Leopard 2 တင့်ကားများ ယူကရိန်းပို့ဆောင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးခဲ့ရာတွင် တင့်ကားများပေးပို့ရန်အတွက် နေတိုးစစ်အုပ်စုဝင် မဟာမိတ်နိုင်ငံများအတွင်း သဘောတူညီမှုမရခဲ့သဖြင့် ယူကရိန်းသို့ အဆိုပါ တင့်ကားများပေးပို့မည် အစီအစဉ်မှာ ပျက်ပြယ်သွားပြီဖြစ်သည်။

တင့်ကားများ ထောက်ပံ့ရန် သဘောတူရန် ပျက်ကွက်ခြင်းသည် ထိုကဲ့သို့ လက်နက်များ ထောက်ပံ့ပေးခြင်းအတွက် နေတိုးစစ်အုပ်စုအတွင်း သဘောထားကွဲပြားမှုများ ကြီးမားလာနေခြင်းကို အချက်ပြနေခြင်းဖြစ်သည်။

“တင့်ကားတွေပေးပို့ခြင်းအတွက် အကြောင်းပြချက်ကောင်းများ ရှိသလို၊ ထိုသို့ပေးပို့ခြင်းကိုကန့်ကွက်ဆန့်ကျင်သည့် အကြောင်းပြချက်ကောင်းများလည်းရှိပြီး၊ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲ၏ အခြေအနေ အရပ်ရပ်ကို လက်ရှိအခြေအနေနှင့် အဖက်ဖက်မှနှိုင်းယှဉ်ချိန်ထိုးကြည့်ရှုလျှက် ကောင်းကျိုးဆိုးကျိုး အားလုံးကို သေချာစွာ ချိန်ဆကြရမည်” ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က အစည်းအဝေးတွင်ပြောကြားခဲ့သည်။

“ခင်ဗျားတိုမှာ Leopard တင့်ကားတွေ ရှိရင် ကျွန်တော်တိုကို ပေးလိုက်ပါ” ဟု ဇလန်းစကီးက က ဂျာမန်အများပြည်သူရုပ်သံလိုင်းတွင် ရမ်စတိန်းလေတပ်စခန်းအစည်းအဝေးမစမီက ပြောကြားခဲ့သည်။

“ဒီတင့်ကားတွေဟာ ရုရှားနိုင်ငံပိုင်နက်ထဲကို ဖြတ်မသွားစေရပါဘူး။ အဲဒါကိုစိတ်ချပါ။ ကျွန်တော်တိုက ကိုယ့်ကိုကိုယ် ကာကွယ်နေတာပဲဖြစ်ပါတယ်” ဟုလည်း ဇလန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သေးသည်။

(Aljazeera)


LEAVE A REPLY

Please enter your comment!
Please enter your name here