ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပမည်

0
512

ရွှေတီဂုံစေတီတော်မြတ်ကြီး၌ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဖေဖော်ဝါရီ ၃ ရက်(တပိုတွဲလဆန်း ၁၄ ရက်)ညနေ ၄ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော် အရှေ့ဘက်အောက်ပစ္စယံ ထန်းပင်ကုန်းကွင်း၌ ကျင်းပသွားမည်ဖြစ်ကာ ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊အခွန်ထမ်းများ၊မိတ်ဖက်အသင်းများနှင့်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများမှ အသင်းပေါင်း(၂၄)သင်းတို့ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထမနဲထိုးပြိုင်ပွဲပြီးနောက် ရရှိလာသည့် ထမနဲဖြင့်ဖြင့် ဖေဖော်ဝါရီ ၄ ရက်နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ ဧည့်ခံတန်ဆောင်းနှင့်ရွှေစေတီတန်ဆောင်း၌ ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်းနှင့်သြဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် နံနက် ၆ နာရီ၌ ဘုရားအမှူးပြုသည့် သံဃာတော်(၆၂)ပါးအား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နံနက် ၇ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထမနဲတစ်ဒယ်လျှင် ၅၅၀၀၀ ကျပ်နှုန်းသတ်မှတ်ထားကာ ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူနိုင်ကြောင်းလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here