လမ်းမှာတွေ့သည့်ကားနံပါတ်ကိုကြည့်၍ ထီထိုးရာမှ မြန်မာနိုင်ငံသားတစ်ဦး မလေးရှားထီ ပထမဆုပေါက်

0
288

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး မလေးရှား ၄ လုံးထီ ပထမဆုပေါက်၍ ရင်းဂစ် ၁၇၀၀၀၀ ရရှိခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မြန်မာနိုင်ငံသားသည် မလေးရှား(1+3) ၄ လုံးထီ ပထမဆုအားကံထူးခဲ့ခြင်းဖြစ်ကာ ၎င်းသည် ထီထိုးရာ၌ လမ်းတွင်တွေ့ရှိခဲ့သည့် ကားနံပတ်တစ်ခုအား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှား ၄ လုံးထီပေါက်သည့် မြန်မာနိုင်ငံသားသည် မွန်ပြည်နယ်၊မော်လမြိုင်မြို့မှလာရောက်သူဖြစ်ပြီး မြန်မာငွေကျပ်သိန်း ၁၁၀၀ ကျော်ရရှိခဲ့သည်ဟု သိရသည်။

ထီဆုငွေထုတ်ယူရာတွင် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ကူညီထုတ်ပေးခဲ့သဖြင့် မလေးရှားထီပေါက်သူမှ ရင်းဂစ် ၅၀၀၀ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here