၂၀၂၂-၂၀၂၅ သက်တမ်းအတွက်ကုန်သည်စက်မှုအသင်းချုပ်UMFCCI ၏​ခြေလှမ်းစတင်

0
293

၃နှစ်တာသက်တမ်းအတွက် ပြန်လည်​ရွေး​ကောက်ဖွဲ့စည်းခဲ့​သော UMFCCI ၏ပထမဆုံး အလုပ်အမှုဆောင်အဖွဲ့အစည်းအ​ဝေးကိုဇန်နဝါရီလ ၁၉ရက် မွန်းလွှဲပိုင်းတွင်  ရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ် ခန်းမတွင်ကျင်းပခဲ့သည်။ နယ် CCI များမှလည်း လာ​ရောက်တက်ကြသလို အချို့ကအွန်လိုင်းမှတက်​ရောက်​ဆွေး​နွေးခဲ့ကြသည်။

အစည်းအဝေး (အ-၁ /၂၀၂၂-၂၀၂၅)ကျင်းပစဉ် သဘာပတိ ဥက္ကဋ္ဌဦးအေးဝင်းက အမှာစကား​ပြောကြားရာ၌ ယခုသက်တမ်းတွင် နိုင်ငံတကာနှင့်ထိ​တွေ့ဆက်ဆံမူပိုမို​လုပ်​ဆောင်ရင်းစီးပွားရေး အား​ကောင်း​အောင်လုပ်​ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် ပြီးခဲ့သည့်သက်တမ်းအတွင်းက ဖွဲ့စည်းထားသည့် ကဏ္ဍအလိုက်ကော်မတီများကိုဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီ တစ်ခုချင်းအလိုက် တာဝန်ယူအကောင်အထည်ဖော်နိုင်ရန် စီမံသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ညီနောင်အသင်းအဖွဲ့များအနေဖြင့် Industry Development အပြင် Institutional Development ဖြစ်ရန် လိုအပ်သည့်အတွက် ကြိုးစား ဆောင်ရွက်စေလိုခြင်း၊ အသင်းချုပ်မှ UMFCCI Member App ပြုလုပ်ထားမှုအ​ခြေအ​နေများ ၊ App​ပေါ်တွင်အသင်းချုပ်၏ လှုပ်ရှားမှုသတင်းအချက်အလက်များနှင့် ကုန်သွယ်မှု အရောင်းအဝယ်များ ပြုလုပ်နိုင်ခြင်းတို့ကို ရှင်းလင်း​​ဆွေး​နွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တိုင်းကုန်သည်အသင်းများ ၊ နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းများ၊ လုပ်ငန်းအလိုက် ကုန်ပစ္စည်းအလိုက် အသင်းများမှ ဥက္ကဋ္ဌများမှ စက်သုံးဆီဆိုင်ရာ အခက်အခဲများ၊ ပလတ်စတစ် လုပ်ငန်းများတွင် သွင်းကုန်လိုင်စင် ကြန့်ကြာနေခြင်းအခက်အခဲများ၊ လျှပ်စစ်မီးရရှိမှု အခက်အခဲများ ၊ ကျောက်ထုတ်လုပ်ငန်းများတွင် တွေ့ကြုံရသောအခက်အခဲများကို တင်ပြခြင်း၊  ရာဘာ လုပ်ငန်းများတွင် တရားမဝင်တင်ပို့နေမှု တားဆီးကာကွယ်ပေးစေရေးများ၊ ၊ စက္ကူနှင့် ပျော့ဖတ်တွင် သွင်းကုန်လိုင်စင်များ အမြန်ဆုံးခွင့်ပြုပေးစေလိုခြင်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်းခွင့်ပြုနိုင်ရေးစသည့် အခက်အခဲများတွေ့ကြုံနေရမှုများအား တင်ပြခဲ့ကြခြင်း အပေါ် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးသောင်းတင်၊ ဒေါက်တာမျိုးသက်၊ ၊ဦးမြဟန်၊ ဦးရဲမင်းအောင်၊  ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများနှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ စုံစုံလင်လင် တက်ရောက် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here