ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Toyota Succeed ကားက ကုန်တင်ကား၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက် ၂ ဦးသေဆုံး

0
337

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် ဇန်နဝါရီ ၂၁ ရက်(ယနေ့)မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၃၀/၅ နှင့် ၃၀/၆ ကြားတွင် Toyota Succeed ကားက အရှိန်မထိန်းနိုင်ဘဲ ကုန်တင်ကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်အား ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့်စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ယာဥ်တိုက်မှုကြောင့် Toyota Succeed ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းမှ ပဲခူးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here