ရန်ကုန်တွင်ကျင်းပသည့်တရုတ်နှစ်သစ်ကူးပွဲနှင့် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ

0
446

ယနေ့ ဇန်နဝါရီ (၂၁) ရက် ညပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ချစ်ကြည်ရေး ဘက်စကက်​ဘောပြိုင်ပွဲ အခမ်းအနားနှင့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ နစက ဥက္ကဋ္ဌနှင့် ဇနီးတက်ရောက် ခဲ့ကြောင်း သိရသည်။

အ‌ဆိုပါ အခမ်းအနားကို တရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ် သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှတာဝန်ရှိသူများ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တရုတ် – မြန်မာချစ်ကြည်​ရေး ဘတ်စကတ်ဘောပြိုင်ပွဲအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအသင်းနှင့် လူငယ်ဘတ်စကတ်ဘော အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သုံရုံးအသင်းနှင့် မြန်မာ ဘတ်စကတ်ဘောကစားသမားဟော င်းကြီးများ အသင်းတို့လည်း ချစ်ကြည်ရေး အနေဖြင့်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

တရုတ်နှစ်သစ်ကူးဖွင့်ပွဲကို ချစ်ကြည်​ရေးဘတ်စကက်​ဘောပြိုင်ပွဲအပြီး၌ သုဝဏ္ဏအားကစားကွင်းတွင်ပင်ဆက်လက်ကျင်းပခဲ့သည်။

ဦးစွာ ဧည့်သည်​တော်များအား တရုတ်ရိုးရာပုဝါဖြင့်ဂါရဝပြုပြီး​နောက်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ နစကဥက္ကဌက ဖန်​ဘောလုံးနှိပ်၍ တရုတ်နှစ်သစ်ကူးပွဲ​တော်အားစတင်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသည့် ဘတ်စကက်ဘောပြိုင်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် ခင်းကျင်းပြသထားသည့် တရုတ်ရိုးရာ ယဥ်ကျေးမှု ပန်းချီများ၊ တူရိယာများ၊ တ ရုတ်နှစ်သစ်ကူး မင်္ဂလာစာလုံးများ ရေးဆွဲထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here